New Artical

သူ့ဘက် ကိုယ့်ဘက် မျှကြည့်ပါ

 

" သူ့ဘက် ကိုယ့်ဘက် မျှကြည့်ပါ "

မှန်မှန်ကန်ကန်ပဲ သုံးသပ်ကြည့်ရအောင် လူတစ်ယောက်ဟာ အချိန်တိုင်းမှာ ပျော်နေပြီး  အမြဲတမ်အဆင်ပြေနေဖို့ဆိုတာ မလွယ်ပါဘူး တစ်နေရာ မဟုတ် တစ်နေရာ တစ်ချိန် မဟုတ် တစ်ချိန်မှာတော့ မပြေလည်မှုတွေ အခက်အခဲ ဒုက္ခတွေဟာ ကိုယ့်ဘဝနဲ့ ကိုယ်  ကိုယ့်အထွာနဲ့ ကိုယ်တော့ ရှိကြတာပါပဲ လောကမှာ ကျွန်တော်တို့ အစား ဝင်ကြည့်ပေးလို့ မရတဲ့ ဘဝတွေ  မျှပြီး ခံစားပေးလို့ မရတဲ့ ခါးသီးမှုတွေ ရှိတယ် သူ့ အလုပ်မှာ  ဘယ်လို အဆင်မပြေဖြစ်နေတာလဲဆိုတာ မသိရင် သူ ဘယ်လောက် စိတ်ရှုပ်နေလိမ့်မလဲဆိုတာ  ကိုယ် မ သိ နိုင် ဘူး ဒီလိုပဲ ကိုယ်လျှောက်တဲ့ လမ်းကို သူ မလျှောက်ဖူးရင်လည်း ကိုယ်ကြုံခဲ့ရတဲ့ ဒုက္ခကို သူ မ သိ နိုင် ဘူး ကိုယ်ချင်းစာ တရားဆိုတာ စကားကြီး စကားကျယ်တွေ  ပြောရတာ မဟုတ်ဘူး ကိုယ်အကြင်နာ တရားရှိမှန်း လူသိအောင် ချပြရတာမျိုးလဲ မဟုတ်ဘူး အမှန်က ကိုယ်ချင်းစာတရားဆိုတာ ..ဘဝမှာ ဆင်းရဲ ဒုက္ခတွေကို ကိုယ်တိုင် ကြုံခဲ့ဖူးပြီး  သူတစ်ပါး အဆင်မပြေ ပြိုလဲ ကျရှုံးသွားတဲ့ အခါမှာ  ငါလည်း ဒီလို ခံစားဖူးတာပဲလေ ဆိုတဲ့ စိတ်နဲ့  သူနေ့ရာကို ဝင်ကြည့်ပေးပြီး သနား ကရုဏာ မေတ္တာထား စာနာပြီးတော့ ဘယ်သူ့ကိုမှ ဒုက္ခ မပေးတက်တဲ့ စိတ်ထားမျိုးပါ လူအများစုကတော့ ငါပြောရင် အမှန်  ငါလုပ်တာ မမှားဘူး ငါခိုင်းသလိုလုပ် ငါထားသလို ​နေ ဆိုတဲ့ ငါ့ဆန္ဒ ငါ့အတ္တ ကိုပဲ ရှေ့တန်းတင်ထားကြတာ များပါတယ်  မိသားစုထဲမှာပဲဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ သူငယ်ချင်းပဲဖြစ်ဖြစ် ချစ်သူ ရည်းစားတွေမှာပဲ ဖြစ်ဖြစ်ပေါ့ အတ္တတွေ ကြီးနေမယ် အခြေအနေကို သေချာ မသုံးသပ်ဘဲနဲ့ ထင်ရာမြင်ရာတွေနဲ့ ဒေါသတွေ ထွက်နေမယ် နားလည်မှုတွေ လွဲပြီး သံသယတွေ များနေမယ် ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တဲ့ ပုံစံနဲ့ ကိုယ့် ဆန္ဒတွေကိုပဲ ရှေ့တန်းတင်နေမယ် ဆိုရင်  အဲ့ဒီ အသိုင်းအဝိုင်းဟာ စိတ်ဒုက္ခ ပူလောင်မှုတွေ ပြဿနာတွေနဲ့ပဲ  အမြဲကြုံတွေ့နေရပြီးတော့  ပျော်စရာကောင်းမှာ မဟုတ်ပါဘူးဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်သူနဲ့ပဲ ဖြစ်ဖြစ်ပေါ့ သူ့ဘက် ကိုယ့်ဘက် မျှကြည့် တတ်​ဖို့လိုပါတယ် တစ်ခုတော့ သတိထားပါ ..သူ့ဘက်ကိုပဲ အမြဲကြည့်ပေးပြီး ကိုယ့်ဘဝ ကိုယ့်မိသားစုကို အထိခိုက် ခံဖို့ မလိုသလို  ကိုယ့်အတွက်ပဲ ကြည့်ပြီးတော့လည်း သူ့ဘဝကို မထိခိုက်စေနဲ့ ​ပေါ့ ..နားလည်မှုတွေ မရှိတော့တဲ့ အခါအချစ်ဟာ အဝေးဆုံးကို ပြေးထွက်သွားမှာပါ ချစ်ခြင်းမေတ္တာဆိုတာ အတ္တတွေရှိတဲ့ ကမ္ဘာမှာ ကြာကြာ မပျော်ပါဘူးကိုယ်ချင်းစာ တရားဆိုတာ လူပီသကြောင်း သက်သေပြနေတာ ဖြစ်ပြီးတော့ သူ့ဘက် ကိုယ့်ဘက် မျှကြည့်ပေးတက်ခြင်းက ကြီးမြတ်တဲ့ လူသားတစ်ယောက်ဖြစ်ကြောင်း ကိုယ့်လုပ်ရပ်က သက်သေပြသွားတာပါပဲ ကိုယ် မကောင်းရင် သူလဲ ကိုယ့်နားမှာ ကြာကြာနေမှာ မဟုတ်သလို သူ မကောင်းဘူးဆိုရင်လဲ သူ့နားမှာ ကိုယ်ကြာကြာနေနိုင်မှာ မဟုတ်ဘူး  ဘဝက ခက်ခဲပါတယ် .. အတူတူ လက်တွဲသွားနိုင်ရင်တော့ ပို ကောင်း တာ ပေါ့ ကိုယ်အောင်မြင်ဖို့ အတွက်  ဘယ်သူ့ကိုမှ  ချ မနင်းခဲ့ဘူး ဆိုရင် ကိုယ် ပျော်ရွှင်ရဖို့ အတွက် ဘယ်သူ့ကိုမှ ဒုက္ခ မပေးခဲ့ဘူး ဆိုရင် ကိုယ် အကောင်းထင်ခံရဖို့ အတွက် ဘယ်သူ့ကိုမှ မကောင်း မပြောခဲ့ဘူး ဆိုရင်  ကိုယ်အဆင်ပြေဖို့ အတွက် ဘယ်သူ့ကိုမှ  တွန်းမချခဲ့ဘူး ဆိုရင်  ကိုယ်စားတဲ့ ထမင်းလုပ်ထဲမှာ သူတစ်ပါး မျက်ရည်စက်တွေ မပါခဲ့ဘူး ဆိုရင် ကိုယ်ဟာ လိပ်ပြာသန့်သန့်လေးနဲ့မို့ ဘဝဟာ ပျော်စရာကောင်းလာမှာပါ

အား လုံး ဟာ ကိုယ့်ပေါ် ​ကောင်းနေနိုင်မှာ မဟုတ်သလို လူတိုင်းကလဲ ကိုယ်လို စိတ်မျိုးတော့ ထားနိုင်မှာ မဟုတ်ပါဘူး သူကောင်းတာ မကောင်းတာ သူ့အကြောင်း သူ မကောင်းလဲ ခွင့်လွှတ်ထားလိုက် ကိုယ်ကောင်းတာ မကောင်းတာကမှ ကိုယ့်အကြောင်းမို့ ကိုယ့်ကိုယ်ပဲ ကောင်းအောင်နေပါ  အဆင်မပြေမှုတွေ ကိုယ်စီ ဒုက္ခတွေနဲ့  လူဖြစ်နေရတာချင်း အတူတူ  သူသာတယ် ကိုယ်နာတယ်  ဆိုးတယ် ကောင်းတယ် မမှတ်ပဲနဲ့ သူ့ဘက် ကိုယ့်ဘက် မျှကြည့်ပေးတတ်​ပြီး ကိုယ်ချင်းစာ စိတ်လေး ထားနိုင်မယ်ဆိုရင်တော့ အ ကောင်း ဆုံး ပဲ ပေါ့ ။



No comments