New Artical

အင်္ဂလိပ်လက်ဝှေ့သမားကို အင်္ဂလန်မှာ အသေထိုးသတ်လိုက်တဲ့ မြန်မာမောင်သောင်း

 


အင်္ဂလိပ်လက်ဝှေ့သမားကို အင်္ဂလန်မှာ အသေထိုးသတ်လိုက်တဲ့ မြန်မာမောင်သောင်း

 မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် အားကစားဝန်ကြီး ဖြစ်သွားသော မောင်သောင်းကိုအဖဦးဖိုးခင်၊ အမိဒေါ်စိန်တို့မှ ၁၉၁ရခုနှစ်  ဒီဇင်ဘာ ၁၆ရက်၊ ကြာသပတေးနေ့တွင် မွေးဖွားခဲ့သည်။ ငယ်စဉ်ထဲက အင်္ဂလိပ်တွေ မြန်မာနိုင်ငံကိုစစ် ( ၃ ) ကြိမ်တိုက်၍ သိမ်းပိုက်သွားခြင်းကို များစွာ ခံပြင်းဒေါသ ထွက်ခဲ့သည်။ “လက်နက်အင်အားမမျှ၍ ငါတို့လူမျိုး သူများ   လက်အောက်ရောက်ရပေသည်” ဟု အမြဲ
 အံကြိတ်၍ တောက်ခေါက်ခဲ့သည်။ အသက်၁ဝနှစ်မှစ၍ လက်ဝှေ့ထိုး လေ့ကျင့် ခဲ့သည်။ ၉တန်းနှစ်၌ မြန်မာကျောင်းသား တစ်ယောက်ကို အင်္ဂလိပ် ကပြား၃ယောက်က ဝိုင်းထိုးနေသည်ကို   ဝင်ရောက် ကူညီပြီး ထိုကပြား ၃ယောက်ကို မေ့မြောပြီး သွားတွေ ကျွတ်ထွက်အောင်  လက်သီးစွမ်း ပြခဲ့သော ကြောင့် ၉တန်းနှင့်  ကျောင်းထွက်ခဲ့ရသည်။ ထိုစဉ်က မြန်မာနိုင်ငံတွင် မြန်မာလူမျိုးများ  စစ်မှုထမ်းခွင့်၊ လက်ဝှေ့ထိုးသတ်ခွင့် မရှိပေ။   ထို့ကြောင့် အိန္ဒိယသို့ သွားရောက်နိုင်ရန် ကြိုးစားရတော့သည်။ ငွေကြေးမတတ်နိုင်သဖြင့် ၁၉၄၁ခုနှစ်တွင်  SS BUIMR အမည်ရှိသင်္ဘော၌ မီးထိုးသမား ဘဝဖြင့်အိန္ဒိယနိုင်ငံ ဘုံဘေသို့ လိုက်သွား ခဲ့သည်။  ဘုံဘေရှိ ကြေးစားလက်ဝှေ့သမားများကို အနိုင်ထိုးသတ်ခဲ့သည်။ အလဲထိုးသည်သာ များလေသည်။ သို့သော်မောင်သောင်း၏ ရည်ရွယ်ချက်မှာ အင်္ဂလိပ်လူမျိုးများကို အလဲထိုးရန် ဖြစ်သည်။ ထို့ကြောင့် အကွက်ကောင်းကို ရှာနေခဲ့သည်။ လက်သီးပြင်းရန် သဲအိတ်များကို သဲကြီးမဲကြီး ထိုးသတ်လေ့ကျင့်သလို၊ အထိုးခံနိုင်ရန် သံတုံးများထည့်ထားသော ပုံးကို ပါးစပ်နှင့်ကိုက်မ၍ ပါးစောင်ရှိကြွက်သားများ သန်မာစေရန်  လေ့ကျင့်ခဲ့သည်။ နောက်ဆုံးတွင် အိန္ဒိယနိုင်ငံရှိ ကြေးစား  အလဲထိုးချန်ပီယံ အင်္ဂလိပ်လူမျိုး ဟယ်ရီ ဘလူးဖြင့် ထိုးသတ်ခွင့်ရခဲ့သည်။ ၃မိနစ် ၈ချီထိုးသတ်ပွဲဖြစ်သည်။ မောင်သောင်းက ဖယ်သာဝိတ် ၁၂၆ပေါင်၊ အင်္ဂလိပ်လက်ဝှေ့သမား ဟယ်ရီဘလူးက လိုက်ဝိတ် ၁၃၂ပေါင်ရှိသည်။  ဒိုင်လူကြီး အင်္ဂလိပ်လူမျိုးများက ဘက်လိုက်ခဲ့  သော်လည်း ဆဌမအချီတွင်တော့ ဒိုင်ပွဲရပ်ဖြင့် မောင်သောင်း အနိုင်ရရှိခဲ့သည်။ ဟယ်ရီဘလူးဆေးရုံ၌ ရက် ၂ဝခန့် ကုသမှုခံယူ ခဲ့ရသည်။ မောင်သောင်း ပထမအဆင့် အောင်မြင် ခဲ့ပါပြီ။ ဒုတိယအဆင့်အနေဖြင့် အင်္ဂလန်မြေ၌  အင်္ဂလိပ်ချန်ပီယံကို ထိုးသတ် ရပါဦးမည်။  မောင်သောင်း အမေရိကန်၊ စကော့တလန်၊ ထိုင်း၊ ကနေဒါ၊ အင်္ဂလန်၊ စင်္ကာပူ၊ အိန္ဒိယတို့မှ ကြေးစား လက်ဝှေ့သမားများကို အနိုင်ယူခဲ့သည်။  ထိုအချိန်တုန်းက အင်္ဂလန်မှာ ကမ်ဘာကျော်ကြေးစား လက်ဝှေ့သမားတစ်ဦး ပေါ်ထွန်းနေပါသည်။ သူ့နာမည်က ဒေါက်ဂလပ်စမင် ဖြစ်သည်။ ပွဲ ၄ဝထိုး ရှုံးပွဲလုံးဝမရှိပဲ ပွဲ ၃၀ အလဲထိုး ထားသူ အင်္ဂလန်ရဲ့ သူရဲကောင်းဖြစ်သည်။ ၁၉၄၇ မှာတော့ ကမ်ဘာကျော် အင်္ဂလန် လက်ဝှေ့သမား ဒေါက်ဂလပ်စမင်ကို  မောင်သောင်းက လန်ဒန်သို့ သွားရောက်စိမ်ခေါ်ခဲ့လေသည်။ အင်္ဂလန်မြေမှာ အင်္ဂလိပ်လူမျိုး ဒေါက်ဂလပ် စမင်သာ အသာလေး နိုင်သွားမည်ဟု ကမ်ဘာ့ မီဒီယာများက ရေးသားနေကြသည်။ ဧပြီလ ၁ရရက်နေ့တွင် လက်ဝှေ့သမား နှစ်ယောက် ကိုယ်အလေးချိန်စစ်၊ ဆေးစစ်  လက်မှတ်ထိုးပြီးနောက် ပြဿနာတက် ကြလေသည်။ ကိစ္စအားလုံးပြီး၍ လက်ဝှေ့သမား နှစ်ယောက် လက်ဆွဲနှုတ်ဆက်သောအခါ ဒေါက်ဂလပ် စမင်က ကျွန်လူမျိုး မြန်မာတစ်ယောက်ကို လက်ဆွဲ နှုတ်မဆက်နိုင်ဘူး။ ငါက အင်္ဂလိပ်သခင်လူမျိုး ဖြစ်တယ် ဆိုပြီး  မောင်သောင်းလက်ကို ပုတ်ချခဲ့ပါသည်။မြန်မာ မောင်သောင်းလည်း အံကိုကြိတ်ပြီး…“ငါကလည်း  လက်နက်မမျှလို့ စစ်ရှုံးခဲ့ရတဲ့ ငါ့လူမျိုးတွေကိုယ်စား အင်္ဂလန်မြေမှာ အင်္ဂလိပ် ချန်ပီယံကို အသေသတ်ဖို့ ငယ်ငယ်ထဲက လေ့ကျင့် ခဲ့တာပဲ။ အင်္ဂလိပ်ကောင် ကြိုးဝိုင်းထဲမှာ  မင်းသေပေတော့” လို့တစ်ခွန်းချင်း ပြန်ပြောခဲ့ပါတယ်။ အရပ် ၅ပေ ၆လက်မပဲရှိတဲ့ လူပုလေးမြန်မာမောင်သောင်းက အရပ် ၆ပေရှိတဲ့ အင်္ဂလန် လိုက်ဝိတ်တန်း ချန်ပီယံကို အသေ သတ်မယ်ဆိုတော့  ၁၉၄၇ ဧပြီ ၁ရရက်နေ့ မှာ လန်ဒန်မြို့   တိုရန်တိုလက်ဝှေ့ရုံကြီး လူ ၃၀၀၀၀  (သုံးသောင်း)ကျော်ဖြင့် ပြည့်နှက်ပြီး လန်ဒန်မြို့သားတွေ  အလုပ်တွေပစ်  လက်ဝှေ့ရုံထဲ စိတ်ရောက်နေကြပါတယ်။ ကြိုးဝိုင်းဆီ ဒေါက်ကလပ်စမင်  လမ်းလျှောက် ဝင်လာတာနဲ့ အင်္ဂလိပ်ပရိတ်သတ် ၃ဝဝဝဝရဲ့  အားပေးသံက ကွင်းပွင့်လု မတတ်ပါ။ ဆလိုက် မီးတွေကလည်း လမ်းတလျှောက် ထိုးပေးနေ ပါတယ်။ မောင်းသောင်းလည်း ဝင်လာရော အားနာပါးနာ  လက်ခုပ်တီးသူတောင် မရှိခဲ့ပါဘူး။ “ဒီမြန်မာကောင်ကို အသေထိုး အလောင်းကို မြန်မာပြည်ပြန်ပို့လိုက်” ဆိုတဲ့ အသံတွေ ဟိန်းနေပါတယ်။ မောင်သောင်းက ကြက်သွေးရောင် ကတ္တီပါ  ဝတ်ရုံကြီးခြုံပြီး ဝင်လာပါတယ်။ ဝတ်ရုံပေါ်မှာ မြန်မာမောင်သောင်းလို့ အင်္ဂလိပ်လို ရေးထိုးပြီး  မြန်မာ့ဒေါင်းအလံကို အစိမ်းရင့်ရောင် အဝါရောင် တို့ဖြင့် ပုံဖော်ထားပါတယ်။ ဒေါက်ကလပ်စမင်က “မင်းကို ငါအသေ သတ်မယ်”ဟု ပွဲမစခင်ပြောခဲ့ပါတယ်။  မောင်သောင်းကတော့ အံကို ကြိတ်ထားပါတယ်။ ပွဲစတာနဲ့ အရပ်ရှည်တဲ့ ဒေါက်ဂလပ်စမင် ရဲ့  ထောက်လက်သီးတွေကို ရှောင်ရင်း မောင်သောင်း   အတင်းဝင်လုံး ဒေါက်ဂလပ်ရဲ့ အသည်းနေရာကို ဖိထိုးပါတယ်။ ဒုတိယအချီတွင် ဒေါက်ဂလပ်၏ အသည်းနေရာကို ညာပင့် လက်သီးတစ်လုံး မောင်သောင်းက ထိုးလိုက်ရာ ဒေါက်ဂလပ် လဲကျသွားသည်။ အမှတ်စဉ် (၈) မှ ပြန်ထလာပါသည်။ ပုံမှန်ဆို ဒေါက်ကလပ် အရှုံးပေးပါပြီ။ နံရိုးတွေ ကျိုး  မတတ်ဖြစ်နေပါပြီ။  ဒါပေမယ့် လူပုလေးကျွန်မျိုး မြန်မာမောင်သောင်း ကို အင်္ဂလန်မြေ၊ ကိုယ့်လူမျိုး အင်္ဂလိပ်တွေရှေ့မှာ အရှုံးမပေးဘူးဆိုပြီး ရအောင် အားတင်း ဆက်ထိုး ပါတယ်။ မောင်သောင်းလည်း ဘယ်လောက် အရှောင်  ကောင်းကောင်း လူသန်ကြီး ဒေါက်ကလပ်ရဲ့ ထိုးချက်တစ်ချို့ကို ပြင်းပြင်းထန်ထန် ထိထား တော့ မျက်နှာတစ်ခုလုံး သွေးအလိမ်းလိမ်းနဲ့ပါ။  စတုတ္ထအချီနဲ့ ပဥ္စမအချီမှာတော့ ဒေါက်ကလပ်က     နံကြားနဲ့ အသည်းနေရာကို တံတောင်နဲ့ ကာထား တော့ လွတ်နေတဲ့ မျက်နှာနဲ့ နားထင်ကို  မောင်သောင်း အတင်းဝင် လုံးပြီးထိုးတာ  ဒေါက်ကလပ်နားထင်ကွဲပြီး သွေးတွေ ယိုစီး ကျလာပါတယ်။ အဲဒီအချိန်မှာပဲ အင်္ဂလိပ်ဒိုင်တွေက သူတို့
လူနာလို့ ၃မိနစ်မပြည့်ပဲ ၂မိနစ်နဲ့ ဆဥ္စမအချီ ပွဲပြီး ခေါင်းလောင်းတီးပြီး သူတို့လူဒေါက်ကလပ် မရှုံးအောင် နားရအောင် ဝိုင်းညစ်ကြပါတယ်။ မောင်သောင်းလည်း မျက်နှာတစ်ခုလုံး သွေး  အလိမ်းလိမ်းနဲ့ ဖူးယောင်မူးဝေနေပါပြီ။  ဒါပေမယ့် အားတင်းထားပါတယ်။ သူငယ်ငယ် ထဲက လက်ဝှေ့လေ့ကျင့်လာတာ အင်္ဂလိပ်တွေကို အလဲထိုးဖို့မှတ်လား။ နဝမအချီတွင်တော့ ဒေါက်ကလပ်၏ လက်သီး နှစ်ချက်ကို အနာခံ တိုးဝင်ပြီး လွတ်သွားတဲ့ ဒေါက်ကလပ်ရဲ့ နံဘေးနှစ်ဖက်ကို အားကုန်သုံး  ဘယ်ညာဆင့် ထိုးလိုက်ရာ ဒေါက်ကလပ် ပြန်မထလာတော့ပါဘူး။ ပရိတ်သတ် အင်္ဂလိပ်တွေ အကုန် ဟာခနဲ ဖြစ်သွားပါတယ်။ အမှတ်စဉ် ၁၀ အထိ  ဖြည်းဖြည်းချင်းရေလည်း ထမလာတော့ပါဘူး။  အဲဒီမှာ ပရိတ်သတ်တွေက မောင်သောင်းကို သတ်မယ်ဆိုပြီး လက်ဝှေ့စင်ပေါ် တက်ဖို့  ကြိုးစားကြလို့ ရဲတွေက လက်ချင်းချိတ်  တားထားရပါတယ်။  မောင်သောင်းကတော့ အောင်နိုင်သူအပြုံးနဲ့   အင်္ဂလိပ်တွေကို ကြည့်နေလိုက်ပါတယ်။ အင်္ဂလိပ် သူရဲကောင်းကြီး မြန်မာ မောင်သောင်းရှေ့ ဒူးထောက်ခဲ့ရပြီ  မဟုတ်ပါလား။ နောက်တစ်နေ့ လန်ဒန်မြို့ The Evening News  နဲ့ Sports News သတင်းစာတွေမှာ မြန်မာလက်ဝှေ့သမား မောင်သောင်းသတ်လို့ ချန်ပီယံ ဒေါက်ဂလပ်စမင် သေတဲ့သတင်း ပါလာပါတယ်။ ဒေါက်ဂလပ်စမင်ကို လန်ဒန်ဆေးရုံက  အရေးပေါ် ခွဲစိတ်ကုသခဲ့သော်လည်း နံရိုး နှစ်ချောင်း ကျွံဝင်သွားပြီး အဆုတ်ကွဲသွား သဖြင့် ည ၁ဝနာရီ ၄၅ မိနစ်မှာ ဆုံးသွားကြောင်း ပါလာသဖြင့် အင်္ဂလန်တစ်နိုင်ငံလုံး ဝမ်းနည်း ပူဆွေးခဲ့ရလေသည်။  မြန်မာမောင်သောင်းကတော့ သတင်းထောက်  တွေရဲ့ အင်တာဗျူးမှာ ဒီလိုဖြေခဲ့ပါတယ်။ ” နယ်ချဲ့အင်္ဂလိပ်ကို တို့မြန်မာတွေ လက်နက်ချင်း  မတူမျှလို့ စစ်ရှုံးခဲ့ရပေမယ့် နယ်ချဲ့အင်္ဂလိပ်နဲ့ငါ  တစ်ယောက်ချင်း တူညီတဲ့ လက်အိတ်ကို စွပ်ပြီး  ပေ ၂၀ ကြိုးဝိုင်းစစ်တလင်းမှာ စစ်ခင်းရာမှာ  တော့ အင်္ဂလိပ်တွေ ငါ့ကို ဒူးထောက်စမြဲပါ။  ငါ့ လူမျိုးနဲ့ ငါ့တိုင်းပြည်ကို ကျွန်လုပ်ထားတဲ့  အင်္ဂလိပ်တွေနဲ့ ကြိုးဝိုင်းထဲမှာ တွေ့ရလေတိုင်း  ငါ့အရိုးတွေ ကွဲကွဲ၊ ငါ့အသားတွေကြွေလို့  ငါအသက်ပင် သေပါစေ တစ်လက်မမှ မဆုတ်တမ်း ငါတိုက်ပွဲဝင်မယ်လို့ ဆုံးဖြတ် ထားတယ်။  အဲဒီဆုံးဖြတ်ချက်ကို သေသည်အထိ ငါမပြင်..” (မောင်သောင်း) မြန်မာလက်ဝှေ့သမား မောင်သောင်းဟာ  အာရှနဲ့ အနောက်တိုင်းတစ်ခွင် ပွဲပေါင်း ၂ဝဝကျော် ထိုးသတ်ခဲ့ရာဝယ် ၁၈၈ပွဲ အနိုင် ရခဲ့ပြီး အနားယူခဲ့လေသည်။ (မြန်မာလက်ဝှေ့ဝါသနာရှင် မျိုးချစ်လူငယ်တို့    လူကောင်သေးလို့ အားမငယ်နဲ့ အထိုးခံနိုင်ဖို့ လေ့ကျင့် လက်သီးက သံမဏိလို မာကျောပါစေ။  ခြေကိုမသုံးပဲ ကမ်ဘာကို ဝင်တိုးလက်ချည်း သက်သက် လေ့ကျင့်ကြမယ်။

 မြန်မာမောင်သောင်း တို့ အမျိုးညံ့ရိုးလား။ 


 အသည်းကောင်းလို့ ပွဲမတောင်းနဲ့ မြန်မာတဲ့ဟေ့။

Credit: AnAncientImageGroup

No comments