New Artical

ဘာသာရှိ၊ဘာသာမဲ့(၁)



 ဘာသာရှိ၊ ဘာသာမဲ့နဲ့ ဘာသာလွတ် လူသားတို့အကြောင်း

၂ဝ၁၄ခုနှစ် မတ်၊ ဧပြီလတွေမှာ မြန်မာနိုင်ငံတစ်ဝှမ်းလုံး လူဦးရေသန်းခေါင်စာရင်း ကောက်ယူတဲ့ လှုပ်ရှားမှုကြီး စတင်တော့မှာ ဖြစ်ပါတယ်။ လူဦးရေစာရင်းကောက်ယူရင်းနဲ့ လူမျိုး၊ ဘာသာတွေကိုပါ ကောက်ယူမှတ်တမ်းတင်သွားမှာဖြစ်လို့ မိမိတို့ရဲ့ လူမျိုးအိုင်ဒီ၊ ဘာသာရေးယုံကြည်မှုအိုင်ဒီတွေကို ဘယ်လိုပေး ကြမလဲဆိုတာ တစ်ခုတ်တစ်ရ စဉ်းစားလာကြရတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။ လူမျိုးအိုင်ဒီနဲ့ ပတ်သက်လို့ ဆိုင်ရာလူမျိုးစုအသီးသီးက မိမိတို့ရဲ့ကိုယ်ပိုင်ဝိသေသ လူမျိုးအမည်နာမနဲ့ပဲ ရပ်တည်ဖို့ ဆော်သြလာကြတာတွေလည်း တွေ့ရပါတယ်။ ဘာသာရေးနဲ့ ပတ်သက်လို့လည်း ကမ်ဘာ့ဘာသာကြီးလေးခုအပြင် ကျန်တဲ့ကိုးကွယ် ယုံကြည်မှုဘာသာတရားတွေကိုလည်း (အျခား)ဆိုတဲ့ အုပ္စု တစ်ခုဖွဲ့ပြီး ကောက်ခံမယ်ဆိုတာ သိရတယ်။


ဒီနေရာမှာ နည်းနည်းပြဿနာရှိလာပါတယ်။ ပထမအခ်က္က ဘာသာတရားတိုင်းကို လူဦးရေအနည်းအများကြည့်ပြီး ဆုံးဖြတ်တဲ့သဘော သက်ရောက်နေပါတယ်။ လုပ်ငန်းသဘောအရ မှားတယ်မဆိုနိုင်ပေမယ့် ဘာသာတရားတိုင်းရဲ့ တန်းတူဖော်ပြခွင့်ကိုတော့ ငြင်းပယ်ရာရောက်သလို ဖြစ်နေပါတယ်။ (အျခား) ဆိုတဲ့ ဝေါဟာရက အုတ်အရောရော၊ ကျောက်အရောရော ဆိုတဲ့ သဘောနဲ့ ဘောင်ခတ်ထုတ်ပယ်/marginalized လုပ်ထားခြင်းခံရတဲ့အဓိပ္ပာယ်မျိုး ဆောင်နေပါတယ်။ ဒုတိယအခ်က္က ဘာသာတရားလုံးဝမရှိသူတွေ၊ မည်သည့်ဘာသာကိုမှ မကိုးကွယ်သူတွေ၊ ဘာသာမဲ့သူတွေ မြန်မာပြည်မှာလည်း ရှိလာတဲ့အချက်ပါ။



ဘာသာမဲ့အုပ်စုဆိုတာ ခေတ်သစ်ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ လူ့ဘောင်သမိုင်းရဲ့ အသစ်ပေါ်ထွန်းလာတဲ့ အုပ်စုတစ်ခုဖြစ်ပါတယ်။ ကမ်ဘာ့လူဦးရေရဲ့ ၅ ပုံ ၁ ပုံ လောက် (သန်း ၁၂ဝဝ ခန့်) ရှိနေတဲ့ လူစုလူဝေးကြီးဟာ နည်းပါးတဲ့ပမာဏမဟုတ်လို့၊ ဒါဟာ မဖြစ်မနေထည့်သွင်းစဉ်းစားရမယ့် ကိစ္စတစ်ရပ် ဖြစ်လာပါတယ်။ ဘာသာတစ္ခုခုကိုမွ မကိုးကွယ်မယုံကြည်တဲ့ မြန်မာနိုင်ငံသားတွေဟာလည်း နိုင်ငံသားတွေပဲ ဖြစ်ပါတယ်။ လူသားတွေ ဖြစ်ပါတယ်။ သူတို့အတွက် နိုင်ငံသားအခွင့်အရေး လူသားအခွင့်အရေးဆိုတာတွေ ရှိရမှာဖြစ်သလို၊ သူတို့ မယုံကြည်ရာကို မယုံကြည်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ဖော်ပြနိုင်ခွင့်ရှှိရမှာလည်း ဖြစ်တယ်။ ဘာသာမဲ့ခြင်းကို သီးခြားအိုင်ဒီတစ်ခုအနေနဲ့ ပေါ်ပေါ်ထင်ထင်ရပ်တည်ခွင့် ပေးမလားဆိုတာကို ပြည်သူ့အုပ်ချုပ်ရေးကဏ္႑က အဖြေထုတ်ရမယ့် အချိန်ရောက်ပါပြီ။


ဘာသာရှိ ဘာသာမဲ့ တိုက်ပွဲ

ဒီနေ့ အွန်လိုင်း စာမျက်နှာတွေပေါ်မှာ ဘာသာရွိသူ-ဘာသာရေးကိုင်းရှိုင်းသူ(Religionist) အများစုနဲ့ ဘာသာမဲ့သူ (Irreligionist)တစ်ချို့ရဲ့ စကားစစ်ထိုးပွဲတွေကို ဟိိုနေရာ ဒီနေရာမှာ တွေ့လာရပါတယ်။ အဆင့်မြင့်မြင့် ဆွေးနွေးငြင်းခုံကြတာတွေ ရွိတတ္သလို ငါ့့စကားနွားရ တင်စီးပြောဆိုတတ်ကြတာတွေလည်း တွေ့ရပါတယ်။ အကျိုးမများတဲ့ ပုဂ္ဂိုလ်ရေးတိုက််ခိုက်မှုတွေအထိတောင် ပြင်းထန်လာနေတာတွေ တွေ့ရပါတယ်။ ဆွေးနွေးသူတွေက လူငယ်လူရွယ်တွေဖြစ်လို့ တက်တက်ကြွကြွ ဆွေးနွေးကြတဲ့သဘောလည်း ရှိပါတယ်။ အရင် စာပေစိစစ်ရေးခေတ်တုန်းကတော့ ဘာသာရေးနဲ့ပတ်သက်ပြီး တစ်ဖက်စောင်းနင်း ပြောဆိုမှုမျိုးတွေကိုပဲ ခွင့်မပြုခဲ့ပေမယ့် အခုလိုအွန်လိုင်းမီဒီယာတွေရဲ့ လွတ်လပ်စွာဖော်ထုတ်ခွင့် ရလာတဲ့ အချိန်အခါမှာတော့ ဘာသာရေးအငြင်းအခုန်တွေက ဘတစ်ပြန်၊ ကျားတစ်ပြန်အသွင်ကို ဆောင်လာခဲ့တယ်။



ဘာသာစွဲသန်သူတွေအနေနဲ့ကတော့ အထိတ်တလန့်နဲ့ ဘာသာရေးမှာရန်စွယ်တွေ ဝိုင်းနေပြီ။ ခေတ်ကာလကြီးက ပျက်စီးယိုယွင်းလို့ မိစၧာဝါဒအမှောင်တွေ ကြီးစိုးလာတော့မယ့် အရိပ်အယောင်တွေ ပေါ်နေပြီ။ မိမိတို့ဘာသာတရားကို ပိုမိုခိုင်ခံ့အောင် နည်းမျိုးစုံနဲ့ ကြိုးစားကြမှ ဖြစ်တော့မယ်။ မိစၧာဝါဒီတွေကို အပြုတ်တိုက်မှပဲ ဖြစ်မယ်လို့ မြင်လာကြပါတယ်။ မြင်တဲ့အတိုင်း ခံတပ်တွေဆောက် လက်နက်တွေစုဆောင်းတာတွေလည်း လုပ်လာကြပါတယ်။ ဘာသာရေးအသင်းအဖွဲ့တွေ ဂိုဏ်းဂဏအုပ်စုတွေဖွဲ့စည်းလို့ အကြက္က်က် လှုပ်ရှားလာကြပါတယ်။ နိုင်ငံရေးနယ်ပယ်ထဲအထိ လက်တံရှည်ရှည်ထုတ်ပြီးတော့ မိမိတို့ယုံကြည်သက်ဝင်တဲ့ ဘာသာတရားဟာ လောကမှာ ရွိရွိသမွ် ဘာသာတရားတွေအားလုံးထဲမှာ အကောင်းဆုံး၊ အမြတ်ဆုံး၊ တန်ဖိုးအရှိဆုံး အမှန်တရားစစ်စစ်ကြီးပဲ ဖြစ်တယ်လို့ မြင်ကြတာကြောင့် မိမိဘာသာတရားအတွက်ဆိုရင် ဘာပဲလုပ်ရလုပ်ရ လုပ်နိုင်တယ်၊ လုပ်မှာပဲဆိုတဲ့ အစွန်းရောက်အမြင်ရှိသူတွေတောင် ပေါ်ပေါက်လာတာတွေ့ရပါတယ်။


ဘာသာမဲ့သူတွေကတော့ ခေတ်ပညာရေးစနစ်ရဲ့ ဝေဖန်ဆန်းစစ်တွေးခေါ်မှုတွေနဲ့ သိပ္ပံပညာကိုနှစ်သက်တဲ့ လူငယ်တွေ ဖြစ်ကြတာများတယ်။ အစဉ်အလာ ဘာသာတရားတွေကို စိတ်ပျက်နေတဲ့ လူကြီးအချို့လည်း ပါတာတွေ့ရပါတယ်။ သူတို့ ဘာသာမဲ့့အျဖစ္ကို ခံယူခဲ့ကြတာ အကြောင်းနောက်ခံအမျိုးမျိုး ဖြစ်နိုင်တယ်။ တစ်ချို့ကတော့ ဘာသာရေးအစဉ်အလာနဲ့ ဝေးတဲ့မိသားစု၊ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရတာ ဖြစ်နိုင်တယ်။ တစ်ချို့ကတော့ ဘာသာရေးဆိုင်ရာ အရေးအသားတွေကို သံသယနဲ့ အဖြေရှာရင်း၊ နောက်ဆုံး ကျေနပ်လောက်တဲ့ အဖြေမတွေ့လို့ ဘာသာမဲ့ဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ တစ်ချို့ကျတော့လည်း ဘာသာရေးအင်စတီကျူးရှင်းတွေရဲ့ ထိန်းချုပ်ကွပ်ညှပ်ချက်တွေကို မနှစ်သက်လို့လည်း ဖြစ်နိုင်ပါတယ်။ နောက်ဆုံး အကြောင်းတရားတစ်ခုကတော့ ဘာသာရှိသူတွေရဲ့ ရန်လိုမုန်းတီးမှုတွေ၊ အုပ္စုအားကိုး အနိုင်ယူလိုမှုတွေကို မြင်လာရတဲ့အခါ ဘာသာရေးအင်စတီကျူးရှင်းတွေအပေါ် စိတ်ကုန်ပြီး ဘာသာရေးတွေနဲ့ ဝေးအောင်ရှောင်နေရာကနေ ဘာသာမဲ့ အဖြစ်ခံယူသွားသူတွေလဲ ရှိတယ်။


ဘယ်လိုနည်းနဲ့ပဲ ဘာသာမဲ့ဖြစ်ခဲ့ဖြစ်ခဲ့ ဘာသာမဲ့သူအဖြစ်နဲ့ ရပ်တည်ရတာဟာ လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။ လောကဓံတရားတွေ၊ ဘဝရဲ့အလှည့်ပြောင်းတွေမှာ ကိုယ်မနှစ်သက်တာတွေ ကြုံတွေ့ရတဲ့အခါ ဘာသာရှိသူတွေလို ဖြေသိမ့်စရာ အဆင်သင့်မရှိလို့ပါပဲ။ ဘဝရဲ့ဒုက္ခတရားတွေကို အကာအကွယ်မဲ့ ရင်ဆိုင်ရပါတယ်။ ထီး၊ ဖိနပ်၊ ဦးထုပ် စတာတွေ မပါဘဲ နေပူကျဲကျဲခရီးကို သြားရသလိုပါပဲ။ အလွန်ကြံ့ခိုင်တဲ့ စိတ်အနေရှိဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက်ကတော့ ဘာသာမဲ့သူတွေဟာ ဘာသာရွိသူ လူများစုကြားထဲမှာ နေထိုင်လှုပ်ရှားရတဲ့အခါ အမြဲပဲ အထင်မြင်သေးခံရတယ်၊ ခွဲခြားဆက်ဆံခံရတယ်။ တစ်ဆင့် နိမ့်နေတဲ့လူသားလို အဆက်ဆံခံရတယ်။ ဒီထက်ဆိုးတဲ့ လူအန္ဓ၊ လူဗာလ၊ မိစၧာဒိဋ္ဌိအယူမှားသူတိတၴိ စတာတွေနဲ့ ကင်ပွန်းတပ်ခံ ရတတ်ပါတယ်။ ဒါတွေ အားလုံးကို ကြံ့ကြ့ံခံရပ်တည်လို့ ဘာသာမဲ့အနေနဲ့ လူသိရှင်ကြားကြေညာပြီးနေထိုင်ဖို့ဆိုတာ အတော်ခက်ခဲတဲ့ဘဝပဲ ဖြစ်ပါတယ်။


 ဘာသာမဲ့သူတွေရဲ့အမြင်ကတော့ ဒီနေ့ခေတ် အွန်လိုင်းစာမျက်နှာတွေ ပေါ်ပေါက်လာတာဟာ ဘာသာမဲ့တွေအတွက် မိမိတို့ရဲ့ ကိုယ်ပိုင်ဘာသာရေးသဘောထားအမြင်တွေကိို ပွင့်ပွင့်လင်းလင်း၊ လွတ်လွတ်လပ်လပ်ဖော်ထုတ်ခွင့် ရရှိလာလို့ ကျေနပ်နှစ်သက်နေပုံပါပဲ။ ရာစုနှစ်ပေါင်းများစွာ၊ မျိုးဆက်ပေါင်းများစွာ ဘာသာရေးဟာ နိုင်ငံရေးအာဏာအမာတွေရဲ့ ထောက်ပံ့မှုကို ရခဲ့တယ်။ ဘာသာရေး အမြင်မတူသူတွေကိုတောင် ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တယ်။ ဒီလို လူ့အဖွဲ့အစည်းတွေမှာ ဘာသာမဲ့ခြင်းဆိုတာကတော့ လေသံတောင်မထုတ်နိုင်ခဲ့တဲ့ အေနအထားပါပဲ။ ဘာသာရှိသူတွေဟာ အခြားသောဘာသာခြားများကိုပင် လေးလေးစားစား ဆက်ဆံနိုင်ကြပေမယ့် မိမိဘာသာဝင်အဖြစ်ကနေ စွန့်ခွာပြီး ဘာသာမဲ့ဖြစ်သွားကြသူတွေကို မေတ္တာမထားတတ်ကြပါဘူး။


ဘာသာရွိသူ အချင်းချင်း ရဲ့ ပဋိပက္ခ

မြန်မာအွန်လိုင်း စာမျက်နှာတွေပေါ်ကို ဘာသာရှိသူတွေ ရောက်လာတာက စောပါတယ်။ ဆိုင်ရာဘာသာရေး အယူအဆ အတွေးအမြင်တွေ၊ ကျင့်စဉ်တွေ ဝေမျှဖို့အတွက် ဝက်ဘ်ဆိုက်တွေ အမျိုးမျိုးထောင်ကြတယ်။ အွန်လိုင်းတက်သူအများစုကလည်းဘာသာရှိတွေဖြစ်တဲ့အပြင် ဒီအထဲက အများစုကလည်း ဘာသာတူ သူတွေ ဖြစ်ကြပါတယ်။ ဒါတောင်မှ ဒီအခြေအနေမှာ ဘာသာရေးငြင်းခုံမှုတွေ ရှိခဲ့ပါတယ်။


မြန်မာ အွန်လိုင်းစာမျက်နှာတွေပေါ်က ဘာသာရှိသူတွေမှာ ဖန်ဆင်းရှင်ဘုရားသခင်ကို ယုံကြည်သူတွေနဲ့ မယုံကြည်သူတွေဆိုပြီး နှစ်စုကွဲပြားနေပါတယ်။ မြန်မာနိုင်ငံနဲ့ မြန်မာစကားပြောသူတွေထဲမှာတော့ ဖန်ဆင်းရှင်ဘုရားသခင်ကို ယုံကြည်သူတွေက လူနည်းစုဖြစ်ပါတယ်။ မယုံကြည်သူတွေက လူမ်ားစု ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်း ဖြစ်ထွန်းမှုအရလည်း ဖန်ဆင်းရှင်ဘုရားသခင်ကို ယုံကြည်သူတွေရဲ့ ဘာသာတရားတွေဟာ မြန်မာ့မြေပေါ်ကို နောက်ကျပြီးရောက်လာကြတဲ့ ဧည့်သည်ဘာသာတရားတွေလို ဖြစ်နေပါတယ်။ ကိုလိုနီခေတ်မတိုင်ခင် ရှေးမြန်မာမင်းတွေ လက်ထက်ကတည်းက စတင်ရောက်ရှိခဲ့ကြပေမယ့် ရိုးရိုးဧည့်သည်မဟုတ်ဘဲ မြန်မာပြည်ကိုကျွန်ပြုခဲ့တဲ့ ကိုလိုနီစနစ်နဲ့အတူ ကြီးထွားလာတဲ့ ဧည့်သည်ဘာသာတရားတွေလည်း ဖြစ်တာကြောင့် ဒေသခံဌာနေ အိမ်ရှင်ဘာသာတရားနဲ့ အစဉ်အမြဲ သိမ်မွေ့စွာ ပဋိပက္ခဖြစ်နေခဲ့ပါတယ်။


ဒီလို ဘာသာရေးပဋိပက္ခအမြင်တွေဟာ ရာစုနှစ်ချီရှိနေတာကြောင့် မြန်မာမျိုးဆက်များစွာရဲ့စိတ်နှလုံးထဲ ကိန်းနေပါတယ်။ အွန်လိုင်းစာမျက်နှာတွေပေါ်မှာလည်း ဒီဘာသာရေး ပဋိပက္ခအမြင်တွေ ခေါင်းထောင်လာတာကို တွေ့ရပြန်တယ်။ ဘာသာရေးအစဉ်အလာတစ်ခု အင်စတီကျူးရှင်းတစ်ခုဟာ မိမိ ရပ်တည်ချက်နဲ့ စည်းရုံးရေးခိုင်မာဖို့အတွက် ပြင်ပရန်တစ်ခုခု ဒါမှမဟုတ် အတွင်းရန်တွေကို ဘာသာဝင်တွေမြင်အောင် ပြတတ်ကြပါတယ်။ ဒီလို အပြင်ရန်၊ အတွင်းရန်တွေနဲ့ တင်းမာတဲ့ပဋိပက္ခတရားတွေကြောင့် မိမိဘာသာတရားကို ချစ်ကြရမယ်၊ကာကွယ်စောင့်ရှောက်ကြရမယ်၊ ဝိုင်းဝန်းချီးမြှောက်ကြရမယ်ဆိုတဲ့ ခံစားမှုမျိုး ဘာသာဝင်တွေစိတ်ထဲမှာ မွေးမြူလာနိုင်အောင်ပဲ ဖြစ်ပါတယ်။


ဒီ အမြင်တွေကိန််းနေတဲ့အခါ မိမိဘာသာတရားကို သီးခြားတင်ပြတာမျိုးတွေရှိသလို၊ ဆန့်ကျင်ဖက်ဘာသာတရားတွေကို နှိပ်ကွပ်ပြီးမှ တင်ပြတာမျိုးတွေလည်းရှိတာကို တွေ့ရပါတယ်။ အဲဒီအခါမွာ အွန်လိုင်းပေါ်ရောက်နေတဲ့ ဆန့်ကျင်ဖက်ဘာသာတရားတွေက ဘာသာရှိသူအချို့နဲ့ ထိတွေ့မှုတွေ ဖြစ်ပွားလေ့ရှိတာကို တွေ့ရတယ်။


ဘာသာရှိသူတွေအချင်းချင်း ငြင်းခုန်နေကြရတာဟာ သူတို့အားလုံး တူညီစွာကိုင်စွဲထားတဲ့ မိမိဘာသာတရားသာ အမှန်ဆုံးအမြင် (Religious Dogmatism/Exclusivism) ကြောင့်ပဲ ဖြစ်ပါတယ်။ မိမိကိုးကွယ်တဲ့ဘုရားကသာ ဘုရားအစစ်ဖြစ်တယ််၊ ကျန်ဘာသာတရားတွေရဲ့ ဘုရားတွေက စိတ်ကူးယဉ်ဘုရားတွေသာဖြစ်တယ်လို့ ယုံကြည်ကြတယ်။ ဒီအမြင်ဟာ ဘာသာရှိသူတွေက ထွင်ထားတဲ့အမြင်မဟုတ်ဘဲ ဘာသာတရားတွေရဲ့ အတွင်းသဏ္႑ာန်မှာကို တည်ရှိနေတဲ့အမြင် ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မိမိတို့ရဲ့ဘာသာရေးကျမ်းစာကသာ အမွန္တရားကို ဖော်ပြနိုင်တယ်။ ပန်းတိုင်အမှန်ကိုရောက်အောင် လမ်းပြနိုင်တယ်။ ကျန်ဘာသာတရားတွေရဲ့ ဘာသာရေးကျမ်းစာတွေက အတုအယောင်၊ လမ်းအမှားတွေဖြစ်လို့ ပန်းတိုင်အမှန်ကိုရောက်အောင် လမ်းပြမပေးနိုင်ကြဘူးလို့ မြင်တယ်။ ဒီတော့ မိမိဟာမိမိ ကိုးကွယ်နေတဲ့ဘာသာတရားကိုရရှိတာ အရတော်လေစွ၊ လူဖြစ်ရကျိုးနပ်လေစွလို့လည်း ထင်ကြတယ်။ ကိုယ်နဲ့မတူရင် အမှားတွေ၊ တန်ဖိုးမဲ့တွေလို့လည်း မြင်ကြတယ်။ ဒီနည်းနဲ့ အမြင်မတူကြသော ဘာသာရှိသူတွေဟာ ပဋိပက္ခတွေ ဖြစ်ကုန်ကြတာပါပဲ။

-လင်းထက်ဆွေ-

No comments